ကလေးမြို့ တွင် ဒလံကားကို မီးရှို့ဖျက်ဆီး
DVB
·
April 5, 2021
စစ်ကိုင်းတိုင်း ကလေးမြို့ ပြည်သူ့ခံတပ်သပိတ်ထဲကို အရပ်ဝတ်နဲ့ ရောက်လာတဲ့ ရဲ ဒလံတွေ စီးတဲ့ကားကို ဧပြီ ၄ ရက်ညက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
“အခုက ဒလံတွေရဲ့ အိမ်စီးကားကို ခံတပ်ရှေ့ကနေ မရွှေ့ခင် အကုန်ဖျက်ဆီးပြီးလိုက်တယ်။ ကလေးမြို့ ဗိုလ်ချုပ်လမ်းပေါ်မှာ မီးရှို့တယ်။ အချိန်ကတော့ ညနေ ၅ နာရီလောက်ဖြစ်မယ်” လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။