Live
Home
မြန်မာသတင်း
ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ ကမ်းခြေများတွင် ငါးဖမ်းမထွက်ရန်တားဖြစ်၊လက်နက်ကြီး ပစ်သံများ စတင်ကြားရ
DVB
·
April 4, 2021

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းက ကမ်းခြေတွေဖြစ်တဲ့ ချောင်းသာ ငွေဆောင်နဲ့ ရွှေသောင်ယံကမ်းခြေမှာ နေထိုင်တဲ့ ဒေသခံတွေ ပင်လယ်ပြင်ထွက်ငါးဖမ်းမထွက်ဖို့ တားမြစ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ပင်လယ်မြင်မှာ ရေပေါ်ရေအောက် စစ်ရေးလေ့ကျင်တာတွေ ပြုလုပ်မှာမလို့ ပင်လယ်ပြင်ထွက်ပြီး ငါးရှာတဲ့ စက်လှေတွေကို ဧပြီလ ၄ ရက်ကနေ ၆ ရက်နေ့ထိ မထွက်ဖို့ ပြောထားတာလို့ ဒေသခံတွေက ပြောပါတယ်။

"လိုက်ပြီးတော့ပြောတာကတော့ ပင်လယ်ပြင်မထွက်ဖို့ ခုရက်ထဲ ဒီမှာက ရေလုပ်ငန်း လုပ်ကြတာများတော့ တစ်ယောက်နဲ့ တစ်ယောက်လည်းပြောရတာပေါ့ သိပ်မကြာဘူး။ ဒီမနက်ပဲ ပေါက်ကွဲတဲ့ အသံတွေ စကြားရတာပဲ” လို့ ရွှေသောင်ယံကမ်းခြေ ဒေသခံ ၁ ဦးက DVB ကို ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ဆင်ဖြူရှင် စစ်ဆင်ရေးလေ့ကျင့်တာကို ဧပြီ ၄ ရက်နေ့ကနေ ဧပြီ ၁၁ ရက်နေ့အထိ ငွေဆောင်အနီး ၁၅ မိုင်ဧရိယာအတွင်း ဝေဟင်၊ ရေပြင်၊ ရေအောက် စစ်ဆင်မှုနဲ့ ပစ်ခတ်မှုလေ့ကျင့်ခန်းတွေ လုပ်ဆောင်သွားမယ်လို့ ဝါဒဖြန့်သတင်းစာမှာ ကြေညာထားပြီး ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးပေါက်ကွဲသံ ၆ ခါလောက်ကြားရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ဒါဟာ စစ်ရေးအရ ကြိုတင်ပြင်ဆင်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ပြောဆိုပါတယ်။

၂၀၂၀ ခုနှစ်အတွင်းက အကြမ်းဖက်စစ်အုပ်စုက ကြီး၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးကို ရွှေသောင်ယံကမ်းခြေဒေသမှာလာရောက် ပြုလုပ်ခဲ့တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမေရိကန်၊ ပြင်သစ်၊  ဩစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယရေတပ်တို့ ပူးပေါင်း ပါဝင်မယ့် ရေတပ်စစ်ဆင်ရေးလေ့ကျင့်မှုကို လာမယ့် ဧပြီ ၅ ရက်မှ ၇ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ပြုလုပ်မယ်လို့ အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024