Home
မြန်မာသတင်း
မအူပင်မြို့ ကရုဏာလူမှုကူညီရေးအသင်း လုပ်ငန်းများရပ်ဆိုင်း
DVB
·
April 2, 2021

ဧရာဝတီတိုင်း၊ မအူပင်မြို့ အခြေစိုက် ကရုဏာလူမှုကူညီရေးအသင်းရဲ့ ရုံးခန်းကို အကြမ်းဖက်စစ်အုပ်စုက ဓားကိုင်ပြီး ဝင်ရောက်သောင်းကျန်းခဲ့လို့ အသင်းသား Volunteer လူငယ်တွေ အသက်အန္တရာယ်နဲ့ လုံခြုံရေးကို စိုးရိမ်နေရတဲ့အတွက်  အသင်းက ဆောင်ရွက် ကူညီပေးနေတဲ့ လုပ်ငန်းအားလုံးကို ဧပြီ ၂ ရက်ကစတင်ပြီး ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

ကရုဏာလူမှုရေးအဖွဲ့ရုံးခန်းကို အကြမ်းဖက်စစ်အုပ်စုနဲ့  ပတ်သက်သူတွေက ရဲနဲ့ စစ်တပ်ခေါ်လာပြီး  မတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီလောက်မှာ လာရောက်ဖျက်ဆီးခဲ့သလို  အသင်းသား လူငယ် ၁ ဦးကိုလည်း ပါးရိုက်သွားခဲ့တာဖြစ်ပါတယ်။

ကရုဏာလူမှုရေးအဖွဲ့ဟာ အကြမ်းဖက်စစ်အုပ်စုအပါအဝင် မိသားစုတွေကို ကျန်းမာရေးကိစ္စတွေနဲ့ နာရေးကိစ္စတွေမှာ အကူညီမပေးဘူးလို့ ကြေညာထားတဲ့ အဖွဲ့တွေထဲက  တစ်ဖွဲ့ဖြစ်ပါတယ်။ ကရုဏာအဖွဲ့က  ခေါင်းဆောင်တစ်ဦးကိုလည်း  အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးတရားစွဲဆိုထားပါတယ်။

မအူပင်မြို့ အခြေစိုက် ကရုဏာလူမှုကူညီရေးအသင်းကို ၂၀၀၉ ခုနှစ်ကစတင်ပြီး မအူပင်မြို့သူမြို့သားတွေရဲ့ လူမှုရေး၊ ကျန်းမာရေး၊ သာရေး၊နာရေးနဲ့ ဘာသာရေးကိစ္စတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း အသင်းရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024