Home
မြန်မာသတင်း
သံတွဲမြို့တွင် CDM လုပ်သူများလာ၍ ထောက်ပံ့မှုများ ပိုလိုအပ်လာ
DVB
·
April 2, 2021

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ စစ်အာဏာရှင်မလိုလားတဲ့ ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပိုမိုပါဝင်လာတာကြောင့် ထောက်ပံ့ပေးတာတွေလည်း ပိုမိုလိုအပ်လာတယ်လို့ CDM ဝန်ထမ်းတွေကို ကူညီပေးနေတဲ့ သံတွဲ့မြို့ CDM Support Team တာဝန်ရှိသူတယောက်က ဆိုပါတယ်။

သံတွဲမြို့မှာ ပညာရေး၊ ကျန်းမာရေးနဲ့ ဘဏ်ဝန်ထမ်းတွေ အများဆုံး CDM မှာ ပါဝင်ကြပြီး တချို့က အခက်အခဲရှိတာကြောင့် သံတွဲမြို့ CDM Support Team ကနေ ကူညီပေးနေတာရှိပါတယ်။

အခုအခါ အကူအညီလိုအပ်သူတချို့ ထပ်မံဆက်သွယ်လာသလို ကာလရှည်ကြာလာတာနဲ့အမျှ နောက်ထပ်အကူအညီလိုအပ်တဲ့ CDM ဝန်ထမ်းတချို့လည်း ထပ်မံ ချိတ်ဆက်လာနိုင်တာကြောင့် ထောက်ပံ့ကူညီပေးနိုင်မှုအင်အား ပိုမိုလိုအပ်လာတယ်လို့ CDM Support Team  တာဝန်ရှိသူတယောက်က ပြောပါတယ်။

"အစတုန်းက လက်ခံရရှိထားတဲ့ အလှူငွေတွေနဲ့ ထောက်ပံ့နေတာက လုံလောက်ပါတယ်။ ဒါပေမဲ့ အခုက အစိုးရဝန်ထမ်း မဟုတ်ပေမယ့် CDM လုပ်လို့ လစာမရတဲ့ ပုဂ္ဂလိကဝန်ထမ်း တချို့ ချိတ်ဆက်လာတာရှိတယ်။ ကျနော်တို့ကတော့ ဘာပဲပြောပြော အခက်အခဲဖြစ်တယ်ဆိုရင် ကူညီပေးသွားမယ်။ အဲဒီအတွက် အလှူငွေတွေထပ်ရဖို့လည်း ကြိုးစားသွားမယ်။" 

CDM လုပ်တဲ့သူတွေကို ကူညီပေးနိုင်ဖို့အတွက် သံတွဲမြို့ပေါ်မှာ တယောက်ချင်း၊ အဖွဲ့လိုက်အလှူငွေ လာရောက်ဝိုင်းဝန်းထည့်ဝင်တာရှိသလို သံတွဲမြို့အနီးက ကျေးရွာတွေကလည်း

အလှူငွေကို စုပေါင်းပြီးလာရောက်လှူကြတာရှိတယ်လို့ သူက ထပ်ပြောပါတယ်။

သံတွဲမြို့က CDM ဝန်ထမ်း​တွေအနေနဲ့ တစုံတရာ အကူအညီလိုအပ်ချက်ရှိရင် သံတွဲမြို့ CDM Support Team ဆီကို ဆက်သွယ်နိုင်တယ်လို့ သူက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024