မုံရွာမြို့မှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် လူတစ်ဦး ကျဆုံးခဲ့တဲ့ မြဝတီရပ်ကွက်၊ သီတာလမ်းအနီးက ဒေါင်းကျောင်းနောက်ကျောရှိ နေအိမ် ၄ လုံး ဒီကနေ့ မီးလောင်ခဲ့ပါတယ်။
မီးလောင်မှုဟာ အကြမ်းဖက်တပ်တွေရဲ့ ရှို့မီးကြောင့်လို့လည်း လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားနေကြပေမဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသလို ဆုံးရှုံးမှုတန်ဖိုးကိုလည်း မသိရသေးပါဘူး။
ဒီနေ့ မုံရွာမြို့နေရာအတော်များများမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေက တပ်ဖြန့်နေရာယူထားပြီး ဖြတ်သွားဖြတ်လာမှန်သမျှ စစ်ဆေးတာတွေလည်း ရှိနေပါတယ်။
စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ ဒီကနေ့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့တဲ့အပြင် ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိထားပါတယ်။