နွေဦးတော်လှန်ရေးအတွင်း ထိခိုက်ဒဏ်ရာရသူများကို အသက်ကယ်နိုင်ရေး ရှေးဦးသူနာပြုစုနည်း သင်တန်းပေး

ကရင်အမျိုးသားအစည်းအရုံး- ကေအန်ယူ  ဒူးပလာယာခရိုင် (ကြာအင်းဆိပ်ကြီးမြို့နယ်)  နို့တကောမြို့နယ်မှာ စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေကို အရေးပေါ်အသက်ကယ်ဆယ်နိုင်ဖို့ မတ်လ ၃၀ ရက်က အခြေခံရှေ့ဦးသူနာပြုစုနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း စစ်ကောင်စီရဲ့တပ်နဲ့ရဲ့တွေရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို အရေးပေါ် အသက်ကယ်ဆယ်နိုင်ဖို့ အတွက် အခြေခံရှေ့ဦးသူနာပြုစုနည်း ရက်တို ၅ ရက်သင်တန်းကို သင်တန်းသား သင်တန်းသူ ၃၄ ကိုသင်ကြားပေးနေတာပါ။

အာဏာရှင်ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေကို ကျည်ဆန်အစစ်တွေနဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းတာတွေကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေအပြင် ကျဆုံးသူ ၃၀၀ နီးပါး အထိရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ  ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up