စစ်ကိုင်းတိုင်း တမူးမြို့မှာ မတ် ၂၅ ရက်ည သန်းကျော်အချိန်မှာ အကြမ်းဖက်စစ်အုပ်စုရဲ ပစ်ခတ်မှုကြောင့် ပြည်သူ့ ၁ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“အခုက ကျမတို့တမူးမြို့က ရွှေဆိုင်ကို အကြမ်းဖက်စစ်အုပ်စုဝင်တာ၊ ရွှေတွေ ပိုက်ဆံတွေ ဖုန်းတွေယူဖို့ နေမှာ။ နီလာဝင်းရွှေဆိုင် အိမ်ရှင်တွေက တံခါးမဖွင့်ပေးဘူး၊ မဖွင့်တော့ ပြည်သူတွေ နေအိမ်တွေကို အကြမ်းဖက်ပစ်ခတ်သွားတယ်။ အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်မှုကြောင့် ၁ ယောက်သေဆုံးသွားတယ်၊ ၇ ယောက်ဒဏ်ရတယ်လို့ တမူးမြို့ ဒေသခံတစ်ဦးကပြာပါတယ်
တမူးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို နေ့စဉ်ကျင်းပနေတာလည်း ဖြစ်ပါတယ်။