မုံရွာမြို့က လူထုတိုက်ပွဲ ပင်မသပိတ်စစ်ကြောင်းကို မတ်လ ၂၅ ရက်နေ့က အကြမ်းဖက် လက်နက်ကိုင်တပ်တွေရဲ့ တားဆီးပိတ်ဆို့မှုတွေကြားကနေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူထောင်ချီစုဝေး ချီတက်နိုင်ခဲ့ကြပါတယ်။
ပင်မသပိတ်စစ်ကြောင်းမှာ အေးအေးချမ်းချမ်းနဲ့ ချီတက်နိုင်ခဲ့ပေမဲ့ ရပ်ကွက်သပိတ် စစ်ကြောင်း တစ်ခုကိုတော့ သေနတ်ပစ်ဖောက်လူစုခွဲကာ ဖမ်းဆီးတာတွေရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရပ်ကွက်တွေထဲထိ အကြမ်းဖက်တပ်တွေက ဝင်ထွက်လွယ်အောင် အတားအဆီး တွေကိုလည်း အင်အားသုံး ဖယ်ရှားနေသလို ချွေးတပ်ဆွဲကာ အဓမ္မဖယ်ရှားခိုင်းတာတွေလည်း ရှိနေပါတယ်။
အတားအဆီးတွေကိုတော့ ပြည်သူတွေက သစ်ပင်ကြီးတွေလှဲကာ ဆက်လက်ပိတ်ဆို့တာ တွေလည်း ပြုလုပ်နေကြပါတယ်။