မုံရွာတွင် စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးထပ်မံသေဆုံး
DVB
·
March 21, 2021
မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ ဗိုလ်တေဇလမ်းထဲက သဲအိတ်နဲ့ အတားအဆီးတွေ ဖယ်ရှားဖို့ ရဲနဲ့စစ်တပ်က ရပ်ကွက်နေပြည်သူတွေ၊ လမ်းသွားလမ်းလာတွေကို အဓမ္မခိုင်းစေရာက တင်းမာမှုတွေ ဖြစ်ပြီး စစ်တပ်က ကျည်ဆန် အစစ်နဲ့ ပစ်ခတ်ခဲ့လို့ ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကနဦးသတင်းအရ သေနတ်ကျည်ဆန်ထိမှန်တဲ့ ပြည်သူ ၃ ယောက်ရှိပြီး ဦးခေါင်းထိမှန်လို့ ၁ ယောက် သေဆုံးသွားပါတယ်။ နောက်တယောက်က မျက်ခုံးနဲ့ နောက်တယောက်ကတော့ ခြေထောက်မှာ ကျည်ဆန်ထိမှန်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။