ခင်ဦးမြို့က CDM ဝန်ထမ်းများကို စားသောက်ကုန်ထောက်ပံ့
DVB
·
March 21, 2021
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့က CDM ဝန်ထမ်းတွေကို မတ် ၂၁ ရက်နေ့မှာ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် စတဲ့ အခြေခံစားသောက်ကုန်တွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ထောက်ပံ့ရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တဲ့ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
လာမည့်သီတင်းပတ်တွေမှာလည်း CDM ဝန်ထမ်းတွေကို အခြေခံစားသောက်ကုန်တွေ ထပ်မံ ထောက်ပံသွားမယ်လို့လည်း ပြောပါတယ်။
ခင်ဦးမြို့မှာ စစ်အာဏာရှင်ကို အာခံတော်လှန်နေတဲ့ CDM ပြည်သူ့ဝန်ထမ်းတွေကို အခုလို အထောက်ပံပေးနေတာဟာ ၅ ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။