အကြမ်းဖက်စစ်အုပ်စုကြောင့် ကျဆုံးသွားသူများအတွက် တိုကျိုတွင် ဘာသာပေါင်းစုံဆုတောင်း
DVB
·
March 21, 2021
အကြမ်းဖက်စစ်အုပ်စုရဲ့ သတ်ဖြတ်မှုကြောင့် ကျဆုံးသွားသူတွေအတွက် ရည်စူးပြီး ဘာသာပေါင်းစုံဆုတောင်းပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ ကုလသမဂ္ဂရှေ့မှာ မတ် ၂၀ ရက်ညက ပြုလုပ်ခဲ့ပါတယ်။
ဂျပန်ဘုန်းတော်ကြီးတွေလည်း လာရောက်ပူးပေါင်းခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်အရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီနေ့ထိ နွေဦးတော်လှန်ရေးအတွင်း သေဆုံးသူ ၂၄၇ ဦး ရှိပြီဖြစ်ပါတယ်။