ဖက်ဒရယ်တပ်မတော်ကြီး ပေါ်ပေါက်လာတော့မယ်လို့ CRPH ရဲ့ ခေတ္တ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ မတ်လ ၁၈ ရက်နေ့ အသိပေးပြောကြားချက်ဟာ အွန်လိုင်း လူမှုကွန်ရက်ပေါ်မှာ လူပြောများပြီး အားပေးထောက်ခံမှုများနေပါတယ်။
စစ်အာဏာရှင်စစ်တပ်ကို ဖယ်ရှားနိုင်ဖို့ အကွက်ကျကျပြင်ဆင်နေပြီး ပြည်သူ တစ်ယောက်ချင်း ပူးပေါင်းပါဝင်မှု စိတ်ဓာတ်တွေကလည်း အဓိကကျတယ်လို့ ဒေါက်တာဇော်ဝေစိုး ရဲ့ အသိပေးထားပါတယ်။
မတ်လ ၁၈ ရက်နေ့ကပဲ ကယားပြည်နယ် ကိုယ်စားပြုလွှတ်တော်ကော်မတီမှာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ပူးပေါင်း ပါဝင်လာပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးနဲ့ ကော်မတီကို ဖွဲ့စည်းကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကချင်အမျိုးသားများကိုယ်စား နိုင်ငံရေးဆိုင်ရာလုပ်ငန်းများကို တာဝန်ယူ ညှိနှိုင်းဆောင်ရွက်ရန်အတွက် ဖွဲ့စည်းလိုက်တဲ့ "Kachin Political Interim Coordination Team - KPICT နဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ CRPH က မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ပါ တယ်။
CRPH က ခန့်အပ်ထားတဲ့ ကုလသမဂ အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာကလည်း "လာမယ့် ဧပြီလဆန်းမှာ ဖယ်ဒရယ် ဒီမိုကရေစီကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်နဲ့ ယာယီအစိုးရဖွဲ့မယ်"လို့ ဒီဗွီဘီနဲ့ ဆက်သွယ်မေးမြန်းရာမှာ ထုတ်ဖော်ပြောကြားထားပါတယ်။
လတ်တလော အွန်လိုင်းလူမှုကွန်ရက်တွေပေါ်နဲ့ လူထုတွေကြားမှာ ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော် အကြောင်းအရာတွေဟာ လူပြောများနေကြပါတယ်။
----------------------------------------------------------------------------------------------