နွေဦးတော်လှန်ရေးတွင် ကျဆုံးသူ ၂၂၄ ဦး ရှိလာ
DVB
·
March 19, 2021
မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၁၈ ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသူ ၂၂၄ ဦးထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းထားတဲ့ကာလအတွင်း စစ်ကောင်စီက ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ၂၂၅၈ ဦးထိရှိပြီလည်းဖြစ်ပါတယ်။
အဲ့ဒီထဲကမှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ ၁၅ ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံ ထားရတဲ့အတွက် တိမ်းရှောင်နေသူ ၇၃ ဦး၊ ပြန်လည် လွတ်မြောက်လာသူ (၃၂၀) ဦးရှိပြီလို့သိရပါတယ်။