စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်း တောင်သာရပ်ကွက် တောင်ဇလပ် ရပ်ကွက်တွေမှာ မတ်လ ၁၇ ရက်နေ့က သပိတ်မှောက် ပြည်သူတွေကို ရဲနဲ့ စစ်တပ်က ပစ်ခတ် ဖြိုခွင်းတဲ့အတွက် ၄ ဦး ကျဆုံးခဲ့ပါတယ်။
အဲ့ဒီအထဲက ကလေးမြို့ တောင်ဇလပ် ရပ်ကွက်က ကျုံးလျံကျဲအို နဲ့ ခိုင်ကမ်းက အမျိုးသား တစ်ဦးကိုတော့ ဒီနေ့ စျာပနပြုလုပ်ခဲ့ပြီး ၂ ဦးကိုတော့ မနက်ဖြန်မှာ စျာပနကျင်းပမယ်လို့ သိရပါတယ်။
ထေးဇန်ရွာက ၂၀ နှစ်အရွယ် ကိုဒိုဆွမ်ကိမ်းအတွက် ဆွေမျိုးတွေ၊ သူငယ်ချင်းတွေက ခရစ်ယာန်ဘာသာ၀င်တွေရဲ့ ဓလေ့ထုံးစံအတိုင်း ဒီနေ့ မတ်လ ၁၈ ရက်နေ့မှာပဲ ဆုတောင်းပွဲ ပြုလုပ်ကြပြီး နေရပ်ဖြစ်တဲ့ တီးတိန်မြို့နယ် ထေးဇန်ကျေးရွာကို ရုပ်အလောင်း သယ်ဆောင်သွားပြီလို့ သိရပါတယ်။