မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်အဖြစ် အာဏာသိမ်းစစ်အုပ်စုက ခန့်အပ်တာဝန်ပေးအပ်လိုက်ပါတယ်။
ဒေါက်တာဗညားအောင်မိုးကိုတော့ စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးကြောင်း မတ်လ ၁၇ ရက်နေ့ ညပိုင်းမှာ အာဏာသိမ်းစစ်အုပ်စုက သိမ်းယူထားတဲ့ MRTV က ကြေညာသွားခဲ့ပါတယ်။
ဒေါက်တာဗညားအောင်မိုးဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံထားရသူ ဖြစ်သလို အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ဖို့ မွန်ညီညွတ်ရေးပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ မွန်ပြည်နယ် စီမံချုပ်အုပ်ရေးကောင်စီမှာလည်း မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမကို အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ထားပါတယ်။