စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ကျေးလက်ဒေသအများစုမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပုံစံအမျိုးမျိုးနဲ့ နေ့စဉ် ပြုလုပ်နေကြပါတယ်။
ယင်းမာပင်မြို့နယ် ကျေးလက်ဒေသတွေမှာပြုလုပ်တဲ့ စစ်အာဏာရှင်တော်လှန်ရေး ဆန္ဒပြပွဲမှာ မတရားမှုက ဥပဒေဖြစ်လာရင် ခုခံကာကွယ်ခြင်းဟာ ဝတ္တရားဖြစ်လာလို့ အခုချိန်ကစပြီး ခုခံကာကွယ်ဖို့ ပြည်သူ့လုံခြုံရေး(ပလဖ)အဖွဲ့ကို ဖွဲ့စည်းထားကြဖို့ ဆန္ဒပြလူငယ်တစ်ဦးက ပြောပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ ကျား/မ မရွေးစည်းလုံးညီညွတ်စွာပူးပေါင်းကာ စစ်အာဏာရှင်လက်ကိုင်တုတ် စစ်တပ်နဲ့ရဲတပ်ဖွဲ့က အကြမ်းဖက်လာရင် ခုခံကာကွယ်ဖို့ ပြင်ဆင်ထားကြပါလို့ တိုက်တွန်းထားပါတယ်။
ဒီမိုကရေစီရဖို့ တောင်းဆိုမှုက နိုင်ငံအရေး-အမျိုးသားရေးဖြစ်တာကြောင့် တစ်ဦးတစ်ယောက်ချင်းစီက အသိစိတ်နဲ့ ကိုယ်ကျိုးစွန့် ဆောင်ရွက်ပေးကြဖို့ကိုလည်း ဆန္ဒပြရာမှာပါဝင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။