မုံရွာမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီရဲ့ ပင်မသပိတ်စစ်ကြောင်းကို ပြောက်ကျားစနစ်နဲ့ မတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ဒီပင်မသပိတ်စစ်ကြောင်းကို အရင်နေရာတွေမှာမဟုတ်ဘဲ တခြားနေရာတွေရွှေ့ကာ ပြုလုပ်ခဲ့တာပါ။
ဒါကြောင့် ပင်မသပိတ်စစ်ကြောင်းကို အေးချမ်းစွာနဲ့ အထိအခိုက်မရှိ အေးအေးချမ်းချမ်း စုဝေးချီတက် လူစုခွဲနိုင်ခဲ့ပါတယ်။
တိုင်းရင်းဆေးရုံလမ်းဖက်မှာတော့ တခြားသော ဆန္ဒပြသူတွေရဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့တာ တွေ ရှိခဲ့ပေမယ့် ထိခိုက်မှုတော့ မရှိခဲ့ကြဘူးလို့ သိရပါတယ်။
လက်ရှိအချိန်ထိ မုံရွာမြို့မှာ ထိပ်တိုက်တွေ့ အကြမ်းဖက်ဖြိုခွင်းခံရလို့ သေဆုံးသူ ၁၀ ဦးထိရှိခဲ့ပါတယ်။