Homeမြန်မာသတင်း
ယုဇနဥယျာဥ်မြို့တော်တွင် မတ်လ ၁၄ ရက်နေ့ညက ရဲနဲ့စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး ဦးခေါင်းကျည်ထိမှန်ကျဆုံး
ယုဇနဥယျာဥ်မြို့တော်တွင် မတ်လ ၁၄ ရက်နေ့ညက ရဲနဲ့စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး ဦးခေါင်းကျည်ထိမှန်ကျဆုံး
DVB
·
March 15, 2021
ရန်ကုန်မြို့တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဥ်မြို့တော်မှာ မတ်လ ၁၄ ရက်နေ့ ညက ရဲနဲ့စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး ဦးခေါင်းကျည်ထိမှန်ကျဆုံး ခဲ့ပါတယ်။
ကျဆုံးသွားသူ မောင်ခန့်အောင်ဖြိုးဟာ အသက်(၁၈)နှစ်ဖြစ်ပြီး Civil First Year ကျောင်းသားတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။
မနေ့က ညသပိတ်မှာ စစ်တပ်ကဖြိုခွင်းမှုကြောင့် ကျဆုံးသူတစ်ယောက်ရှိပြီး ဒဏ်ရာရရှိသူ အများအပြားရှိပေမဲ့ အရေအတွက်အတိအကျကိုတော့ အတည်ပြုမရသေးဘူးလို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။