မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် ဆိုင်ကယ်သပိတ်စစ်ကြောင်းတွေကို အရင်ကလို လူအများကြီးနဲ့ မလုပ်တော့ပဲ ပြောက်ကျားပုံစံမျိုး အစုအဖွဲ့လေးတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး လူမဲ့သပိတ်စာတန်းလေးတွေကို ပြုလုပ်ထားကြပါတယ်။
ဒီကနေ့ မတ်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာလည်း အာရုံဦး စျေးဝယ် သပိတ်ပုံစံမျိုး လုပ်ခဲ့ကြတဲ့အပြင် အောင်ရွှေထီးစေတီမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ဆုတောင်းခဲ့ကြပြီး လူမဲ့သပိတ်စာရွက်တွေလည်း ချထားခဲ့ပါတယ်။
ပြင်ဦးလွင်မြို့မှာ မတ်လ ၁၁ရက်နေ့ နောက်ပိုင်းမှာတော့ ရဲနဲ့ စစ်တပ်က လုံခြံုရေးများစွာ တင်းကြပ်ထားတဲ့အတွက် မြို့သူမြို့သားတွေဟာ မြို့ရဲ့ နေရာတော်တော်များများမှာ လူမဲ့ သပိတ်တွေပြုလုပ်လာကြတာ ဖြစ်ပါတယ်။