Home
မြန်မာသတင်း
မအူပင်မြို့ ပရဟိတလူမှုရေးနှစ်သင်း၏ ဥက္ကဋ္ဌ ၂ ဦး ဖမ်းဆီးထိန်းသိမ်းခံရ
DVB
·
March 11, 2021

DVB 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မှာ  ပရဟိတလူမှုရေးအသင်း ၂ ခုရဲ့ ဥက္ကဋ္ဌ နှစ်ယောက် ကို မတ်လ ၁၀ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ မအူပင်မြို့ အမှတ်(၂)ရပ်ကွက်က မာဃ လူမှုရေးပရဟိတ ဥက္ကဋ္ဌ ကိုငယ်လေးနဲ့ အမှတ်(၃)ရပ်ကွက်က ပါရမီလူမှုရေးပရဟိတအသင်း ဥက္ကဋ္ဌ ကိုတူးတို့ ဖြစ်ပါတယ်။

ခုလို ပရဟိတအဖွဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးတဲ့လုပ်ရပ်တွေကြောင့် ပရဟိတလုပ်ငန်းတွေ ဆက်ပြီးလုပ်ဖို့ကို စိုးရိမ်ထိတ်လန့်နေကြတယ်လို့ မအူပင်မြို့ခံ ပရဟိတ အသင်း ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်နေတာကြောင့် မအူပင်မြို့ခံ ပရဟိတ လူမှုကူညီရေအသင်းအဖွဲ့တွေက စစ်တပ်နဲ့ ရဲ မိသားစုဝင်တွေရဲ့ သာရေး၊ နာရေး ကူညီဆောင်ရွက်ပေးမှာမဟုတ်ကြောင်း ကြေညာခဲ့ပြီးနောက် ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားသူ ၂ ဦးကို ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်အရေးယူ ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024