စစ်ကိုင်းတိုင်း နာဂကိုယ်အုပ်ချုပ်ခွင့် နန်းမြို့က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ထွေအုပ်ဝန်ထမ်း ၈ ဦးကို မတ် ၉ ရက်နေ့က အလုပ်မှယာယီရပ်ဆိုင်းခံရတယ်လို့ သိရပါတယ်။
နန်းယွန်းမြို့ ထွေအုပ်ဝန်ထမ်း ၈ ဦးဟာ မတ်လ ၇ ရက်နေ့က CDM မှာ ပူးပေါင်းပါဝင်လာခဲ့ကြတာပါ။
CDM ထွေအုပ်ဝန်ထမ်းတစ်ဦးက “အခုကျနော်တို့က CDM လုပ်တာ၊ အလုပ်ထွက်တာမဟုတ်ဘူး။ စစ်အာဏာရှင်လက်အောက်မှာ အလုပ်မလုပ်နိုင်တဲ့အတွက် CDM မှာ ပါလာခဲ့တာပါ။ နန်းယွန်းမြို့မှာရှိတဲ့ ထွေအုပ်ဝန်းထမ်းအကုန်နီးပါးပါလာခဲ့တယ်။ အခုကျနော်တို့ကို နန်းယွန်းမြို့နယ်အုပ်ချုပ်ရေးမှူးက အလုပ်တာဝန်မှ ရပ်ဆိုင်းတယ်လို့ စာထုတ်လာခဲ့တယ်” လို့ ပြောပါတယ်။
အခုလို ဝန်ထမ်း ၈ ဦးလုံး အလုပ်ဖြုတ်ခံရပေမယ့် စစ်အာဏာရှင်ကို ရတဲ့နည်းနဲ့ တော်လှန်သွားမယ်လို့ CDM ထွေအုပ်ဝန်ထမ်း အခြားတစ်ဦးက ပြောပါတယ်။
အောင်ဆန်းမြင့်