မွန်ပြည်နယ်၊ ရေးမြို့မှာ မတ် ၈ ရက် မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေးပြပွဲကို ထောင်နဲ့ ချီတဲ့ ပြည်သူတွေက ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြတဲ့သူတွေကို အင်အားသုံးဖြိုခွင်းမှု မရှိပေမဲ့ စစ်တပ်နဲ့ရဲတွေက ရေးဆေးရုံမှာ မနေ့ကတည်းက တပ်စွဲထားပြီး ဒီနေ့မနက်အထိထလည်း ဆက်လက်တပ်စွဲထားပါတယ်။
ရေး-အစင် သွားကားလမ်းမှာလည်း အစင် စံပြကျေးရွာနဲ့ ဇီးဖြူသောင်ရွာမှ ဆန္ဒပြလာမယ့် လူတွေမလာနိုင်အောင် စစ်တပ်နဲ့ ရဲတွေက ပိတ်ဆို့နေရာယူထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ရေးမြို့နယ်မှာ ဆေးရုံအနီးနားလမ်းမကြီးနဲ့ လမ်းကြိုလမ်းကြားတွေပါမကျန် လုံခြုံ ရေးတပ်ဖွဲ့တွေ မဖြိုခွင်းနိုင်ဖို့ ဆန္ဒပြတဲ့သူတွေက ပိတ်ဆို့ထားခဲ့သလို ရေးမြို့ မြသီတာဈေးနဲ့ ဝင်းသုခရတနာရွှေဈေးကြီးမှာပါ ရောင်းချသူတွေမရှိဘဲ ပိတ်ထားခဲ့ကြပါတယ်။
စစ်ဏာရှင်ဆန့်ကျင်ရေး ၂၉ ရက်မြောက်နေ့အဖြစ် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းကစပြီး ရေးမြို့မှာ ရဲနဲ့စစ်တပ်က မြို့အနှံ့လိုက်လံဖြိုခွင်းနေပေမဲ့ ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး မြို့အတွင်း လှည့်လည်ခဲ့ကြပါတယ်။