စစ်အာဏာသိမ်းပြီး ၁ လကျော်ကြာအထိ ပုံမှန်ပြန်မဖွင့်နိုင်သေးတဲ့ အဓိကမြို့ကြီးအချို့က ဘဏ်တွေအားလုံး မတ် ၈ ရက်ကစလို့ ပုံမှန်ပြန်ဖွင့်လှစ်ကြဖို့နဲ့ မဖွင့်နိုင်ပါက အရေးယူသွားမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ မတ် ၅ ရက်နေ့က ညွှန်ကြားထားပါတယ်။
ဘဏ်တွေအနေနဲ့ ဘဏ်ခွဲတွေ မဖွင့်နိုင်သေးတာကြောင့် ဖောက်သည်တွေအနေနဲ့ ဘဏ်လုပ်ငန်း ဆောင်ရွက်ရာမှာ အခက်အခဲဖြစ်ပေါ်နေတာကြောင့် ပြည်တွင်း ပြည်ပ ကုန်သွယ်ရေးလုပ်ငန်းတွေမှာ နှောင့်နှေးကြန့်ကြာတာတွေ ဖြစ်ပေါ်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့် ဘဏ်လုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်ဖို့ တိုက်တွန်းဆောင်ရွက်ဖို့၊ ပုဂ္ဂလိကဘဏ်ကြီးတွေကို လုံခြုံရေးဆောင်ရွက်ပေးဖို့နဲ့ ဘဏ်တွေ ပြန်မဖွင့်နိုင်ပါက အရေးယူဖို့ နစအ အစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လတ်တလောမှာတော့ တချို့မြို့ကြီးတွေမှာ ဘဏ်တွေ ပြန်ဖွင့်နိုင်တဲ့အခြေအနေ ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။