စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ ဥပဒေချုပ် ဦးခင်မောင်လှတို့ကို အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ကာ မုံရွာအကျဉ်းထောင်မှာ ချုပ်နှောင်ထားပါတယ်။
ဒီအတွက် မုံရွာမြို့က တရားလွှတ်တော်ရှေ့နေ ဦးမိုးဇော်ထွန်းက မုံရွာထောင်ကို သွားရောက်ကာ ရှေ့နေလွှဲစာရရှိရေးနဲ့ တွေ့ဆုံခွင့်ရရှိရေးတောင်းဆိုခဲ့ပေမယ့် လွှဲစာမှာ လက်မှတ်ထိုးတာကိုတော့ရရှိခဲ့ပြီး တွေ့ခွင့်တော့ မရရှိခဲ့ပါဘူး။
ရုံးချိန်းကိုတော့ မတ်လ ၅ ရက်နေ့ကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။ ရှေ့နေ အတွက်တော့ အစွပ်အစွဲခံရသူနဲ့တွေ့ခွင့်မရတာဟာ အမှုအတွက် အကြီးမားဆုံး အခက်အခဲပဲလို့ ဦးမိုးဇော်ထွန်းက ပြောပါတယ်။
စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင်တွေထဲက ဝန်ကြီးချုပ်နဲ့ ဥပဒေချုပ်တို့ကိုသာ ဖမ်းဆီးတရားစွဲဆိုထားတာဖြစ်ပြီး ကျန်တဲ့ ဝန်ကြီးတွေကိုတော့ မနေ့က နေအိမ်အရောက် ပြန် ပို့ဆောင်ပေးလိုက်ပြီဖြစ်ပါတယ်။