ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ မင်းကုန်းလမ်းမှာ မတ်လ ၁ ရက်နေ့ညပိုင်းက မီးလောင်မှုကြောင့် နေအိမ် ၂ လုံး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ဟာ လူမနေတာကြာပြီဖြစ်ပြီး ဒေသခံတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် မိနစ် ၃၀ ကျော်အကြာမှာ မီးငြိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန်ကြီးထောင့်မြို့ခံတစ်ဦးက “မီးလောင်တာ အိမ် ၂ လုံး ပျက်စီးသွားတယ်။ အိမ်တွေက အုတ်ခံပျဥ်ထောင်အိမ်တွေ။ လူမနေဘူး။ လူမနေတဲ့အိမ် မီးလောင်တယ်ဆိုတော့ ရှို့မီးလို့တော့ ပြောနေကြတယ်။ မီးလောင်တဲ့အကြောင်းအရင်းတော့ အတိအကျ မသိရသေးဘူး” လို့ ပြောပါတယ်။
မီးလောင်တဲ့နေရာကို ကန်ကြီးထောင့်မြို့နယ်မီးသတ်တပ်ဖွဲ့က မီးသတ်ကား ၃ စီး လာရောက်မီးငြှိမ်းသတ်ခဲ့ရပါတယ်။
မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး ဒေသခံတွေက ရှို့မီးဖြစ်ကြောင်း ပြောဆိုတာတွေရှိနေသလို ဒေသခံမီးသတ်တပ်ဖွဲ့ကတော့ တန်ဖိုး ၁၈ သိန်းကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။