စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဒီနေ့မနက်ပိုင်းမှာ ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။
“ကျနော်တို့ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြသူတွေ ခန္တီးမြို့အတွင်း လှည့်လည်ဆန္ဒပြခဲ့ပါတယ်။ ကျနော်တို့ဆန္ဒပြသူတွေ ကမ်းနားလမ်းပေါ် မိုင်းဘုန်းကြီးကျောင်းလမ်းထောင့်မှာ ရဲတပ်ဖွဲ့ က ဖြိုခွင်းခဲ့တာပါ။ ဆန္ဒပြလူအုပ်ထဲ လိုက်ဖမ်းဆီးမှုတွေ ပြုခဲ့တယ်” လို့ ဆန္ဒပြ လူငယ်တစ်ဦးက ပြောပါတယ်။
စစ်အာဏာရှင်အား ကန့်ကွက်ဆန္ဒပြသူတွေရဲ တပ်ဖွဲ့ဖြိုခွင်းခဲ့ပြီးနောက် ဖမ်းဆီးခံရသူတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
အောင်ဆန်းမြင့်