ဗန်းမော်မြို့ ဆန္ဒပြ သပိတ်စုရပ်နေရာတွင် လုံခြုံရေး အင်အားအလုံးအရင်းဖြင့် တားဆီး
DVB
·
February 27, 2021
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဖေဖော်ဝါရီ ၂၇ ရက် မနက် ၁၀ နာရီကစပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် လူထုစုရပ်နေရာမှာ ပြည်သူ့ရဲကား ၂ စီး၊ အချုပ်ကား ၁ စီး၊ စစ်ကား ၄ စီး၊ ရေကား ၁ စီး ရောက်လာကာ တားဆီးပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ဝင်များက ပြည်သူများကို ညှိနှိုင်းမှုတွေ ပြုလုပ်ရာ ၅၀ မိနစ် အချိန်ပေးတာကြောင့် လူထုက ထိုင်သပိတ် ပြုလုပ်ခဲ့ကြပြီး စစ်အာဏာရှင် အလိုမရှိ၊ မတရားတဲ့ အမိန့်အာဏာမှန်သမျှ ဆန့်ကျင်ကြလို့ ကြွေးကြော်ကြပြီး မနက် ၁၁ နာခွဲလောက်မှာ လူစုခွဲခဲ့ကြပါတယ်။
ဇော်လင်းအောင်(ဗန်းမော်)