ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ၂၁ ရက်မြောက်နေ့အဖြစ် ဒေသခံ ပြည်သူတွေနဲ့ ဆရာဆရာမတွေ ပူးပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ပုသိမ်မြို့က ပြည်သူတွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေ ပူးပေါင်းပြီး အမက ၂၄ ရှေ့မှာ စတင်လူစုချိန်မှာ ရဲတပ်ဖွဲ့ကလူစုခွဲဖို့ အမိန့်ပေးခဲ့ပေမယ့် ဆက်လက်ဆန္ဒပြခဲ့တာပါ။
ဆန္ဒပြတဲ့ လူတွေကို ဒေသခံပြည်သူတွေက ထောက်ခံကြိုဆိုခဲ့ကြသလို ရေသန့်ဘူး၊ အအေးနဲ့ မုန့်တွေဝေကာ လက်ခုပ်တီးအားပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဖေဖော်ဝါရီ ၇ ရက်နေ့ကစတင်ပြုလုပ်လာခဲ့တာ ၂၁ ရက်မြောက်ရှိလာပြီဖြစ်ပြီး ဖမ်းဆီးခံရသူ ၇ ဦးထိရှိလာပြီလည်း ဖြစ်ပါတယ်။
မင်းထက်မုန်း