စစ်ကိုင်းတိုင်း ယင်းမာပင်မြို့မှာပြုလုပ်တဲ့ အာဏာသိမ်းစစ်ကောင်စီ ကန့်ကွက်ဆန္ဒပြပွဲမှာ စစ်ကောင်စီကခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ပြည်သူ့အုပ်ချုပ်ရေးကို ဖွဲ့စည်းသွားမယ်လို့ ဆန္ဒပြပြည်သူတွေက ပြောပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ စစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြရာမှာ စစ်ကြောင်း ၂ ခု ပြုလုပ်ခဲ့ပြီး လက်ရှိရုံးတက်နေတဲ့ ဌာနရုံးတွေရှေ့မှာ ဆန္ဒထုတ်ဖော်တဲ့အဖွဲ့နဲ့ မြို့တွင်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်တဲ့အဖွဲ့ဆိုပြီး ပြုလုပ်ခဲ့ကြတာပါ။
ဒီကနေ့ပြုလုပ်တဲ့ စစ်ကောင်စီ ကန့်ကွက်ပွဲမှာ ကျောင်းသားကျောင်းသူလေးတွေ အများအပြားပါဝင်လာတာဖြစ်ပြီး ပြည်သူ့ဝန်ထမ်းတွေနဲ့ ကျေးလက်ဒေသကပြည်သူတွေလည်း တိုးလာပါတယ်။