သုဝဏ္ဏဝတီတွင် CDM လှုပ်ရှားနေသူများနှင့် တပ်မတော်ထောက်ခံသူများ အပြိုင်ဆန္ဒပြ
DVB
·
February 25, 2021
မွန်ပြည်နယ်၊ သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ မြို့မဈေးရှေ့မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၉ နာရီခွဲအချိန်က တပ်မတော်ကို ထောက်ခံကြောင်း လှည်လည်ဆန္ဒပြခဲ့ကြသူတွေနဲ့ CDM လှုပ်ရှားနေသူတွေ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။
တပ်မတော်ထောက်ခံပွဲလှည့်လည်ပွဲကို သထုံခရိုင်မှာ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီး တပ်မတော်က အာဏာထိန်းသိမ်းလိုက်တဲ့အပေါ် သုဝဏ္ဏဝတီမြို့ ဒေသခံတွေအနေနဲ့ မြို့စျေးအရှေ့ ငြိမ်းချမ်းစွာထိုင်သပိတ် ဆင်နွှဲမှုမှာ ၄ ရက်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။