သာစည်တွင် အသစ်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား လက်မခံကြောင်း စာကပ်
DVB
·
February 25, 2021
အသစ်ခန့်အပ်တဲ့ ရပ်ကွက်အုပ်ချုပ်ချုပ်ရေးမှူးအား လက်မခံကြောင်း၊ ရုံးထိုင်ခွင့်မရှိကြောင်း မန္တလေးတိုင်း သာစည်မြို့ အမှတ် (၃) ရပ်ကွက်အုပ်လျုပ်ရေးမှူရုံး အပြင်ဘက်နံရံမှာ စာကပ်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရပ်ကွက်က လှူဒါန်းထားတဲ့ရုံး ဖြစ်လို့ ရပ်ကွက်တင်မြှောက်သူသာ ရုံးထိုင်ခွင့်ရှိတယ်၊ ရေးထားတဲ့စာရွက် ၃ ရွက်လောက် ရုံးနံရံမှာ လာကပ်ထားတာ တွေ့ရတယ်။ ဒါက ပြည်သူက လက်မခံကြောင်း ရုံးလာမတက်နဲ့လို့ ပြည်သူက ပြန်လုပ်တဲ့ CDM လို့ ခေါ်ရမှာပါ။"
သတင်း-ဓာတ်ပုံ-မောင်မောင်လင်း