စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ သီတဂူအဆောင်မှာ ပြည်သူတွေကို အခမဲ့ကုသပေးဖို့ ဖွင့်လှစ်ထားတဲ့ ဆေးရုံကို အာဏာသိမ်း စစ်အစိုးရက ဖိအားပေးပြီး ပိတ်ခိုင်းလိုက်တယ်လို့ ဒေသခံ ဆရာဝန်တွေက ပြောပါတယ်။
“အခုကျနော်တို့ကို ဖိအားပေးတယ်။ ခန္တီးမြို့ပြည်သူဆေးရုံက ဆရာဝန် သူနာပြုတွေ အကုန်းနီးပါး CDM လုပ်တယ်။ စစ်အာဏာသိမ်းလက်အောက်မှာမလုပ်နိုင်တဲ့အပြင်မှာ ဆေးရုံဖွင့်ပြီး ပြည်သူတွေအဆင်ပြေအောင် ဆေးကုပေးတယ်။ အခုဖိပေးလာတဲ့အတွက် ဒီမနက်မှာ ဆေးခန်းပိတ်ပြီ” လို့ ဆရာဝန်တစ်ဦးက ပြောပါတယ်။
တခြားဆရာဝန်တစ်ဦးကလည်း “ကျနော်တို့ ဒေသခံပြည်သူ့အတွက် ပြန်ကြည့်တယ်။ ခန္တီး ပြည်သူ့ဆေးတစ်ခုပဲရှိတယ်။ ကျနော်တို့ ဆရာဝန်နဲ့ သူနာပြုတွေ ၉၀ လောက်ရှိမယ်။ အခုခြိမ်းခြောက်ပြီး ပြည်သူ့ဆေးရုံအလုပ်ဆင်းခိုင်းလည်း မဆင်းဘဲ CDM ပဲ ဆက်လုပ်ဆောင်သွားမယ်” လို့ ဆရာဝန်တစ်ဦးက ပြောပါတယ်။
ခန္တီးမြို့ပြည်သူ့ဆေးရုံကြီးဟာ စစ်တပ်က အာဏာသိမ်းပြီး ၅ ရက်နေ့မှာ ပိတ်ခဲ့တာဖြစ်ပြီး အပြင်မှာ အခမဲ့ ဆေးခန်းဖွင့်ကူညီပေးနေသူတွေကိုလည်း မပိတ်သိမ်းရင်ဖမ်း ဆီးမယ်လို့ ပြောလာတဲ့အတွက် ပိတ်သိမ်းလိုက်တယ်လို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
အောင်ဆန်းမြင့်