စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အလိုမရှိကြောင်း မင်္ဂလာဒုံတွင် ဆန္ဒပြ
DVB
·
February 21, 2021
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတစ်လပေါင်းကျေးရွာမှာ အာဏာသိမ်းစစ်ကောင်စီက တိုက်ရိုက်ခန့်အပ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ရပ်ကွက်နေပြည်သူတွေက ရပ်ကွက်ရုံးရှေ့မှာ ဒီနေ့မနက် ဆန္ဒပြနေကြပါတယ်။
ပြည်သူက ရွေးချယ်ထားတာ မဟုတ်တဲ့သူတွေက အုပ်ချုပ်မှာကို လက်သင့်မခံနိုင်ဘဲ အချောင်ဝင်ထိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေကို အလိုမရှိကြောင်း ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်နေကြတာပါ။
ပြည်နယ်နဲ့တိုင်း မြို့နယ်အတော်များများမှာလည်း အာဏာသိမ်းစစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ကန့်ကွက်ဆန္ဒပြနေကြပါတယ်။