မြန်မာနိုင်ငံကနေ ထွက်ခွာမယ့် ထိုင်ဝမ်နိုင်ငံသားတွေအတွက် ကယ်ဆယ်ရေး လေယာဉ်ကို လတ်တလောမှာတော့ အချိန်တွေ ပြောင်းလဲလိုက်ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစတင်ကာ စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ မငြိမ်မသက်မှုတွေနဲ့ လူထုဆန္ဒပြပွဲတွေ မြို့ရွာအနှံ့ ဖြစ်နေခဲ့တာပါ။
ထိုင်ဝမ်နိုင်ငံသားတွေ လိုက်ပါကြမယ့် ချိုင်းနားအဲလိုင်းကို မူလက လာမယ့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထွက်နိုင်ဖို့ စီစဉ်ထားခဲ့ပေမယ့် လတ်တလောမှာတော့ ဖေဖော်ဝါ ရီ ၂၁၊ မတ် ၁၄ နဲ့ ၂၈ ရက်တွေမှာ ပြန်လည်ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ထိုင်ဝမ်နိုင်ငံသား ၁,၀၀၀ ဝန်းကျင်ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီထဲကမှ ဦးရေ ၂၇၀ လောက်ကတော့ မြန်မာပြည်တွင်းမှာ အရောင်းဆိုင်ဖွင့် လှစ်ထားတဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။