မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ မြိင်မြို့မှာ ဖေဖော်ဝါရီ ၁၇ ရက် နေ့မနက်ပိုင်းက အင်အားသိန်ချီပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
မြိုင်မြို့နယ်မှာ CDM ပူးပေါင်းထား တဲ့ဝန်ထမ်း ဌာနပေါင်း ၂၂ ခု ရှိတယ်လို့ သိရပါတယ်။
CDM မှာ ပါဝင်တဲ့ ဌာနတွေကတော့
၁။ မြို့နယ်အုပ်ချုပ်ရေးမှူး
၂။ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး
၃။ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး (၇၀ ရာခိုင်နှုန်း)
၄။ ဆေးရုံဝန်ထမ်း အားလုံးနီးပါး
၅။ ပညာရေးဝန်ထမ်း
၆။ သစ်တောဝန်ထမ်း
၇။ ဘဏ်ဝန်ထမ်း (၆၅ ရာခိုင်နှုန်း)
၈။ ဥပဒေဝန်ထမ်း
၉။ မီးသတ်ဝန်ထမ်း
၁၀။ မြေစာရင်းဝန်ထမ်း
၁၁။ MPT ဝန်တမ်းအားလုံး
၁၂။ အခွန်ဝန်ထမ်း
၁၃။ ကျောက်ခွက်ရေနံမြေ ဝန်ထမ်းအားလုံးနီးပါး
၁၄။ စိုက်ပျိုးရေးဝန်ထမ်း (၇၀ ရာခိုင်နှုန်း)
၁၅။ တိုင်းရင်းဆေးဝန်ထမ်း
၁၆။ ကော်မရှင်ဝန်ထမ်း
၁၇။ လျှပ်စစ်ဝန်ထမ်း
၁၈။ စည်ပင်ဝန်ထမ်း (၂၀ ရာခိုင်နှုန်း)
၁၉။ စီမံကိန်းဝန်ထမ်း
၂၀။ စာတိုက်ဝန်ထမ်း
၂၁။ အိမ်တွင်းမှုဝန်ထမ်း
၂၂။ ဆောက်လုပ်ရေးဝန်ထမ်းတို့ ဖြစ်ပါတယ်။