မွန်ပြည်နယ် ရေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲကို ဒီနေ့မနက် ဆက်လက်ကျင်းပနေပြီး CDM မှာ ပါဝင်တဲ့ ဝန်ထမ်းအချို့ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်၊ မြန်မာ့မီးရထား၊ မြေစာရင်း စတဲ့ဌာနတွေက ဝန်ထမ်းတွေဟာ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်နေကြတာပါ။
CDM မှာ ပါဝင်တဲ့ ၀န်ထမ်းတွေ ရှောင်တိမ်းနေရတဲ့ အခြေအနေရှိနေတာကြောင့် ဆန္ဒပြပွဲမှာ မပူးပေါင်းနိုင်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် CDM မှာ မပါဝင်သေးတဲ့ ဝန်ထမ်းတွေကိုလည်း ပါဝင်လာဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြတယ်လို့ ဆိုပါတယ်။
ဆန္ဒပြသူတွေက စစ်အာဏာရှင် အလိုမရှိကြောင်း၊ ဖမ်းဆီးထားတဲ့ သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို အမြန်ပြန်လွှတ်ပေးဖို့၊ ပြည်သူ့လက်ထံ အာဏာပြန်အပ်ပေးဖို့ တောင်းဆို ဆန္ဒပြနေကြပါတယ်။
နေမျိုးထွဋ်