ဗဟိုဘဏ်ရှေ့ ဆန္ဒပြပြည်သူများအနီး လက်နက်ကိုင် စစ်တပ်များချထား
DVB
·
February 15, 2021
ရန်ကုန်မြို့ ဗဟိုဘဏ်ရှေ့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက် မနက်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူလူထုတွေ လာရောက် ဆန္ဒပြနေကြပြီး စစ်တပ်တွေ ချထားတာကိုလည်း မြင်တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ရက်တွေက ရဲလုံခြုံရေးတွေသာချထားခဲ့တာဖြစ်ပေမဲ့ မနေ့ညနေကစပြီး တင့်ကားတွေနဲ့ ရန်ကုန်မြို့ပေါ်မှာလှည့်လည်အင်အားပြခဲ့သလို ဒီကနေ့မနက် လက်နက်ကိုင် စစ်တပ်တွေကိုပါ ဆန္ဒပြတဲ့အနီးနားမှာ ချထားတာဖြစ်ပါတယ်။