စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ ဒုဦးစီးမှူး တွေ ဖေဖဝါရီ ၁၀ ရက်နေ့ည ၁၂ နာရီလောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ခန္တီးမြို့နယ်ကော်မရှင်ဥက္ကဋ္ဌရဲ့ သမီးဖြစ်သူက “အခု ကျမတို့အဖေက ၂၀၂၀ ရွေးကော်ပွဲမှာ ခန္တီးမြို့နယ်ကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တာပါ။ မနေ့ ည ၁၂ နာရီလောက် စစ်ဆေးစရာရှိတယ်ဆိုပြီး စစ်တပ်လာခေါ်သွားတယ်” လို့ ပြောပါတယ်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဒုဦးစီးမှူးတဦးရဲ့ ဇနီးဖြစ်သူက “အခု ကျမယောကျ်ားကိုလည်း ည ၁၂ နာရီမှာ စစ်ဆေးစရာရှိလို့ဆိုပြီး စစ်တပ်ကလာခေါ်တယ်” လို့ ပြောပါတယ်။
တိုင်းနဲ့ပြည်နယ် မြို့နယ်အချို့မှာလည်း မနေ့ညက ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ ဒုဦးစီးမှူးတွေ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
အောင်ဆန်းမြင့်