Home
မြန်မာသတင်း
မြန်မာ့အရေး ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီ အထူးအစည်းအဝေးခေါ်ယူရန် ဗြိတိန်ကြိုးပမ်း
DVB
·
February 10, 2021

ပြီးခဲ့တဲ့ သီတင်းပတ်က စစ်အာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံတွင်းက အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး အထူးအစည်းအဝေးခေါ်ယူကျင်းပဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UNHRC ကို ဗြိတိန်သံတမန်က ဖေဖော်ဝါရီ ၈ ရက်မှာ အဆိုတင်ခဲ့ပါတယ်။

သံအမတ်ကြီး ဂျူလီယန်ဘရိတ်ဝိတ်သ်က ဒါဟာ ဥရောပသမဂ္ဂနဲ့အတူ တောင်းဆိုချက်ပါလို့ ဂျီနီဗာဖိုရမ်က UNHRC ရဲ့ အစည်းအဝေးမှာ ပြောပါတယ်။

ဒါဟာ စစ်တပ်က အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ထားတဲ့ နိုင်ငံရေးသမားတွေကို မတရား ဖမ်းဆီးမှုနဲ့ မြန်မာနိုင်ငံအတွင်း အရေးပေါ် အခြေအနေ ကြေညာချက်ကို တုံ့ပြန်တာ ဖြစ်တယ်။

နိုင်ငံအတွင်း လူ့အခွင့်အရေးအတွက် စိုးရိမ်စရာ ဂယက်ရိုက်ခတ်မှုတွေ ရှိနေခဲ့ ပြီးပြီလို့ သူက ဆက်ပြောပါတယ်။

စစ်အာဏာသိမ်းထားမှုနဲ့ အရပ်သားအစိုးရခေါင်းဆောင်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားမှုနဲ့ပတ်သက်လို့  မြန်မာနိုင်ငံတဝန်းမှာ ပြည်သူလူထုတွေ၊ ကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ  ဝန်ထမ်းတွေပူးပေါင်းပြီး  စစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။

စစ်အစိုးရကတော့ သူတို့ အာဏာသိမ်းရတာဟာ မဲမသမာမှုကြောင့်လို့ အကာအကွယ်ယူ ပြောဆိုရင်း ရွေးကောက်ပွဲ အသစ် ပြန်ကျင်းပပေးမယ်လို့ ကတိပြုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024