အင်တာနက်များ ပြန်ဖွင့်၊ facebook အသုံးပြုခွင့် ပိတ်ထားဆဲ
DVB
·
February 7, 2021
မြန်မာပြည်မှာ ဖေဖော်ဝါရီ ၆ ရက်နေ့က ပိတ်လိုက်တဲ့ အင်တာနက်လိုင်းတွေကို ဖေဖော်ဝါရီ ၇ ရက်နေ့ နေ့လယ်ပိုင်းမှာ ပြန်ဖွင့်ပေးလိုက်ပါတယ်။
လောလောဆယ်မှာတော့ အင်တာနက် wifi နဲ့ မိုဘိုင်း ဝန်ဆောင်မှုတွေ ပြန်အသုံးပြုလို့ရနေပြီ ဖြစ်ပါတယ်။
အခုလို အင်တာနက်တွေကို ပြန်ဖွင့်ပေးပေမဲ့ facebook နဲ့ ဆိုရှယ်မီဒီယာတွေကို အသုံးပြုခွင့် ပိတ်ထားဆဲ ဖြစ်လို့ VPN App တွေကတဆင့် အသုံးပြုနေရပါတယ်။