ငွေစက္ကူများသိမ်းမည့်သတင်း ကောလာဟလဖြစ်၊ ယုံကြည်စိတ်ချစွာသုံးနိုင်ဟု ဗဟိုဘဏ် ထုတ်ပြန်

ငွေစက္ကူတွေသိမ်းမယ်ဆိုတာ ကောလာဟလပဲဖြစ်ပြီး ယုံကြည်စိတ်ချစွာနဲ့ သုံးနိုင်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ်မူတည်ပြီး ကျပ် ၅၀၀၀ တန်၊ ကျပ် ၁၀၀၀ တန်တွေ ရုတ်သိမ်းမယ်ဆိုတဲ့ ကောလာဟလတွေနဲ့ ဘဏ်တွေပိတ်မယ်ဆိုတဲ့ သတင်းမှားတွေ ထွက်နေကြောင်း ကြားသိရတယ်လို့ ဒီနေ့ ထုတ်ပြန်တာပါ။

ဒီကောလာဟလသတင်းတွေကြောင့် ပြည်သူတချို့စိုးရမ်းပူပန်ပြီး ဘဏ်တွေမှာ ငွေတွေ ထုတ်နေကြတယ်လို့လည်း ဆိုပါတယ်။

ဗဟိုဘဏ်အနေနဲ့ ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးအတွက် အလေးထားဆောင်ရွက်နေပြီး ဘဏ်တွေဟာလည်း သတ်မှတ်ချက်နဲ့အညီ ခိုင်ခိုင်မာမာ ဝန်ဆောင်မှုပေးနေကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ငွေကြေးနဲ့ ဘဏ်လုပ်ငန်းတွေအပေါ် မစိုးရိမ်ဘဲ ယုံယုံကြည်ကြည်နဲ့ ဆက်သုံးနိုင်ပြီး ဘဏ်ဝန်ဆောင်မှုတွေ ပုံမှန်အတိုင်းဆောင်ရွက်ဖို့လည်း ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်ဟာ လွတ်လပ်တဲ့အဖွဲ့အစည်းတခုဖြစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်တယ်ဆိုပြီးတဲ့နောက်မှာ ဦးသန်းညိန်းကို ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ခန့်အပ်တယ်လို့ ထုတ်ပြန်ထားပေမယ့် ရှိပြီးသား ဗဟိုဘဏ် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို တာဝန်က ရပ်စဲတယ်ဆိုတာကိုတော့ ထုတ်ပြန်တာ မတွေ့ရပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up