စစ်ဆေးရုံ အမှုထမ်းများကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကျေးဇူးစကားပြော

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဇန်နဝါရီ ၂၉ ရက်က စစ်ဘက်ကာကွယ်ဆေး ဖြန့်ဖြူးရေးဌာနကို သွားရောက်ခဲ့ပြီး ကပ်ရောဂါတိုက်ဖျက်ရေးမှာ ပါဝင်တဲ့အတွက် အမှုထမ်းတွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

သမ္မတဘိုင်ဒင်ဟာ မေရီလန်းပြည်နယ်က ဝေါ်တာရိဒ်စစ်ဆေးရုံကိုသွားရောက်ပြီး ဒဏ်ရာရ စစ်သည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

စစ်ဆေးရုံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေက သမ္မတ ဘိုင်ဒင်ကို ရှင်းပြခဲ့ပါတယ်။

ဘိုင်ဒင်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံရှိတဲ့ ပြန်လည်ကုစားရေးအစီအစဉ်ကို  ကြေညာခဲ့ပေမယ့် အမေရိကန်နိုင်ငံ ကြွေးမြီဝန်ပိမယ့် စိုးရိမ်မှုတွေ ရှိနေချိန်မှာ အဲဒီအစီအစဉ်ဟာ  ငွေပမာဏ လျှော့ချခံရဖွယ်ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပြန်လည်ကုစားရေးဥပဒေကို ရီပတ်ဘလီကန်တွေရဲ့ ထောက်ခံမှု ရရ၊ မရရ အတည်ပြုဖို့ကို ထောက်ခံတယ်လို့ ဘိုင်ဒင်က သတင်းထောက်တွေကို ပြောပါတယ်။ 

ကပ်ရောဂါဒဏ် ခံစားနေရတဲ့ အမေရိကန်ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အကူအညီအသစ်တွေ ပေးအပ်မယ့် ကနဦးအဆင့်တွေကို လာမယ့်သီတင်းပတ်မှာ ဒီမိုကရက်တွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေချိန်မှာပဲ သမ္မတဘိုင်ဒင်က အခုလို ပြောဆိုခဲ့တယ်လို့ ရိုက်တာက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up