စင်ကာပူတွင် လူပေါင်း ၁၁၃,၀၀၀ ကျော် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး

စင်ကာပူနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် လူပေါင်း ၁၁၃,၀၀၀ ကျော်ကို ထိုးပေးပြီး ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လူပေါင်း ၅၀ ကျော်ကတော့ ဒုတိယအကြိမ် ထိုးပေးထားပြီး ကာကွယ်ဆေးအပြည့် အဝ ရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ဆက်လက်လုပ် ဆောင်နေပြီး လာမယ့် သီတင်းပတ်တွေအတွင်းမှာတော့ ထပ်မံတိုးမြှင့်ထိုးပေးနိုင်မှာဖြစ် တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးမယ့် နေရာတွေလည်း သတ်မှတ်ထားရှိပြီးဖြစ် ကာ သက်ကြီးရွယ်အိုတွေအနေနဲ့ ပြည်သူ့ကျန်းမာရေးဆေးခန်း ၂၁ ခုနဲ့ ဆေးခန်း ၉ ခုတို့ မှာ ကာကွယ်ဆေးထိုးနိုင်မှာ ဖြစ်ပါတယ်။

လာမယ့် တနင်္လာနေ့က စတင်ကာ စင်ကာပူနိုင်ငံတဝန်း ဆေးခန်းပေါင်း ၂၀ မှာ ကာကွယ်ဆေးထိုးပေးနိုင်မှာဖြစ်ပြီး ပထမနေ့မှာတင် လူပေါင်း ၂၅၀ ကို ကာကွယ် ဆေးထိုးပေးခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

သက်ကြီးရွယ်အိုတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံဖို့ မှတ်ပုံတင်တာတွေ ပြုလုပ်လာကြဖို့ ဝန်ကြီးဌာနက နှိုးဆော်ထားပြီး လာမယ့်ရက်တွေမှာ ပိုမိုပါဝင်လာကြ မယ်လို့ မျှော်လင့်ထားပါတယ်။

       စင်ကာပူကျန်းမာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့အနေနဲ့ ကို ဗစ်-၁၉ ကာကွယ်ဆေး Pfizer-BioNTech ထိုးနှံရာမှာ ဘေးကင်းလုံခြုံမှုရရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

  “ကာကွယ်ဆေးထိုးနှံသူ ၁၁၃,၀၀၀ ကျော်ထဲက ၄၃၂ ယောက်မှာ ဆေးထိုးတဲ့ နေရာမှာ နာကျင်ရောင်ရမ်းတာတွေ၊ အဖျားတက်တာ၊ ခေါင်းကိုက်တာတွေ၊ ပင်ပန်းနွမ်း နယ်တာ၊ ကိုယ်ခန္ဓာနာကျင်တာတွေစတဲ့ ယေဘုယျရောဂါလက္ခဏာတွေ ကြုံတွေ့ခဲ့ရပြီး ဒါတွေဟာ ကာကွယ်ဆေးအားလုံးနဲ့ ဆက်နွှယ်တဲ့ တုံ့ပြန်မှုတွေဖြစ်ပြီး ရက်ပိုင်းအတွင်း လောက်ပဲဖြစ်ပါတယ်”

       ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနိုင်မယ့် ဆေးခန်းတွေကို လာမယ့် သီတင်းပတ်တွေအတွင်းမှာ လူနေထူထပ်တဲ့ နေရာတွေ၊ သွားလာရ လွယ်ကူတဲ့ နေရာတွေမှာ တိုးမြှင့်သွားဖို့ရှိနေပြီး စုစုပေါင်း ကာကွယ်ဆေးထိုးစင်တာ အခု ၄၀ ရှိကာ တခုစီမှာ တရက်ကို လူပေါင်း ၂,၀၀၀ ကို ဆေးထိုးပေးနိုင်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up