လက်ဘနွန်တွင် ဆန္ဒပြသူများနှင့် စစ်သားများ ပဋိပက္ခဖြစ်

လက်ဘနွန်နိုင်ငံက ထရီပိုလီမြို့မှာ ရာချီတဲ့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဇန်နဝါရီ ၂၆ ရက်က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ပြည်လုံးကျွတ် အသွားအလာ ပိတ်ဆို့ကန့်သတ် လော့ဒေါင်းချထားချိန်မှာ စီးပွားရေး အခြေအနေ ပိုဆိုးလာနေလို့ ဆန္ဒပြကြတာပါ။

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ကူးစက်တည်းက အတင်းကျပ်ဆုံး လော့ဒေါင်းချထားတဲ့ လက်ဘနွန်မှာ ဒေါသထွက်လာတဲ့ ဒေသခံတွေက လမ်းတွေပေါ်ကို တက်လာကြပါတယ်။

လော့ဒေါင်းဟာ ဆင်းရဲမွဲတေမှုကို ပိုဆိုးစေတယ်လို့ ဆန္ဒပြသူတွေက ပြောရင်း ကားတွေကို မီးရှို့ခဲ့သလို စစ်သားတွေကိုလည်း ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ စစ်သားတွေကလည်း မျက်ရည်ယိုဗုံးတွေ၊ ရော်ဘာကျည်ဆန်တွေနဲ့ ပြန်လှန်ပစ်ခတ်ခဲ့ပါတယ်။

ကမ္ဘာတဝန်း နိုင်ငံအများအပြားဟာ ကပ်ရောဂါကြောင့် အခြေအနေ ယိမ်းယိုင်နေပေမယ့် လက်ဘနွန်ကတော့ နဂိုကတည်းက စီးပွားရေးအကြပ်ဆိုက်နေတဲ့အပြင် သြဂုတ်လက ဆိပ်ကမ်းမြို့ ပေါက်ကွဲမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်က ချွတ်ခြုံကျနေခဲ့ပါတယ်။

လူဦးရေ ၆ သန်းသာ ရှိတဲ့ လက်ဘနွန်မှာ  မနေ့က တရက်တည်းမှာ ကိုဗစ်-၁၉ အသစ် ကူးစက်ခံ ၃,၅၀၅ ယောက် ရှိခဲ့တာပါ။ ဒါကြောင့် စုစုပေါင်း ကူးစက်ခံ ဦးရေ ၂၈၆,၀၀၀ နီးပါးရှိပြီး ကူးစက်ခံ သေဆုံးသူ ဦးရေ ၂,၄၇၇ ယောက် ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up