ဟောင်ကောင်ရှိ လူနေထူထပ်သည့်ခရိုင်ကို ပထမအကြိမ် လော့ဒေါင်းချ

ဟောင်ကောင်ဒေသက လူနေထူထပ်တဲ့ ခရိုင်တခုကို ပထမဆုံးအကြိမ် လော့ဒေါင်း ချသွားမယ်လို့ ဒေသမီဒီယာက ဇန်နဝါရီ  ၂၂ ရက်မှာ ဖော်ပြပါတယ်။  အရွယ်အစားသေးငယ်ပေမဲ့ လူနေထူတဲ့ ယာစီမုန်ခရိုင်ကို လော့ဒေါင်းချမယ်လို့ အမည်မဖော်ပြတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး South China Morning Post က ဖော်ပြပါတယ်။  အဲဒီခရိုင်တွေမှာ  ဗိုင်းရပ်စ် အလွယ်တကူပျံ့နှံ့နိုင်တဲ့ ဟောင်းနွမ်းပြီး  အခန်းကျဉ်း တိုက်ခန်း အများအပြား ရှိပါတယ်။  ယာစီမုန်ခရိုင်မှာ နေထိုင်သူတွေဟာလည်း ဒီသတင်းကြားပြီး စိတ်မချမ်းမသာ ဖြစ်နေပါတယ်။  ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်မှာ  ကျန်းမာရေးအာဏာပိုင်တွေက အရင်ဆုံး တိုက်တန်း ၄ ခုကို သီးခြားခွဲထုတ်ပြီး လူဝင်လူထွက်ကို ပိတ်ကာ တိုက်ခန်းနေသူအားလုံးကို ကွာရန်တင်း လုပ်ခဲ့ပါတယ်။  လူဦးရေ ၇ သန်းခွဲရှိတဲ့ ဟောင်ကောင်ဟာ တခြားကမ္ဘာ့မြို့ကြီးတွေနဲ့ နှိုင်းစာရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နည်းပါးပြီး  မနှစ်က စုစုပေါင်း ကူးစက်သူ အယောက် ၁၀,၀၀၀ အောက်နဲ့  အဲဒီထဲက ၁၆၂ ယောက် သေဆုံးခဲ့တယ်လို့ ရိုက်တာက ဆိုပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up