ဖရန့်လမ်းပတ်ကို အချိန်တခုပေးရန် အာဆင်နယ်နည်းပြတိုက်တွန်း

အနာဂတ်မတည်မငြိမ်ဖြစ်နေတဲ့ နည်းပြ ဖရန့်လမ်းပတ်ကို အချိန်ပေးသင့်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ဖေးမတဲ့ စကားဆိုခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ နောက်ဆုံးပရီးမီးယာလိဂ် ၈ ပွဲမှာ ၂ ပွဲပဲ အနိုင်ရခဲ့ပြီး ရလဒ်ဆိုးရွားခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့် ၈ အထိ ကျဆင်းသွားခဲ့ပါတယ်။ ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံရဖို့ ရေပန်းစားလာတဲ့ နည်းပြလမ်းပတ်ကို အချိန်တခု ပေးသင့်ကြေင်း အာတီတာက မှတ်ချက်ပေးခဲ့တာပါ။  “လွန်ခဲ့တဲ့နှစ် အနည်းငယ်ကတည်းက ဖရန့်ရဲ့အကြောင်းကိုသိရှိပြီးသားပါ။ သူနဲ့ အချိန်တချို့ ဖြတ်သန်းခဲ့ဖူးပါတယ်။ ကလပ်အသင်းဘက်က သူ့ကို ထောက်ခံအားပေးပြီး အခွင့်အရေးတကြိမ် ထပ်ပေးဖို့ လိုပါတယ်။”  အာဆင်နယ်အသင်းဟာလည်း ချဲလ်ဆီးအသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၁၀ မှာ ရပ်တည် နေပေမဲ့ နောက်ဆုံးပရီးမီးယားလိဂ် ၅ ပွဲမှာတော့ ၄ ပွဲနိုင် ၁ ပွဲသရေရလဒ် ရခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up