သထုံတွင် ရထားလမ်းပေါ် တက်အိပ်သူ ၂ ဦး ရထားတိုက်ခံရ၊ ၁ ဦး သေဆုံး
DVB
·
January 18, 2021
မွန်ပြည်နယ် သထုံမြို့နယ် နန်းခဲကွက်သစ်အနီး ရန်ကုန်-မော်လမြိုင် ရထားသံလမ်းပေါ်တက်အိပ်နေသူ အမျိုးသား နှစ်ဦး ဇန်နဝါရီ ၁၈ ရက် မနက် ၃ နာရီလောက်က ရထားတိုက်ခံရပြီး ၁ ဦး သေဆုံး၊ ၁ ဦး ပြင်းထန်စွာ ထိခိုက်ဏ်ရာရရှိခဲ့တယ်လို့ သထုံမြို့မရဲစခန်းက သိရပါတယ်။
သထုံ မြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်တင်က “အရက်သောက်ပြီး အိပ်ပျော်နေကြတာလို့ ယူဆရတယ်။ တစ်ဦးက အခင်းဖြစ် နေရာမှာသေဆုံးပြီး တစ်ဦးက သထုံမြို့ ဆေးရုံမှာ ပို့ဆောင်ကုသနေတယ်။ ဒဏ်ရာပြင်းတယ်” လို့ ပြောပါတယ်။
အမှတ် ၆၈၁ အဆန်ရထားနဲ့ တိုက်မိတာကြောင့် ကျော်ဟိန်း(ခ)ပုကျိ (၂၉နှစ်) သေဆုံးခဲ့ပြီး ရာဂျား(ခ)အောင် အောင်ကတော့ ဦးခေါင်းပေါက်ပြဲ ခြေလက်ကျိုးကျေ ဒဏ်ရာတွေ ရရှိခဲ့တာပါ။
သူတို့ ၂ ဦးကို သထုံမြို့မရဲစခန်းက (ပ)၂၇/၂၀၂၁ ရ ထားပို့ဆောင်ရေးအက်ဥပဒေပုဒ်မ၈၅ အရ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ရဲထွဋ်