ပြင်သစ်စူပါဖလားဗိုလ်လုပွဲတွင် နေမာ ပြန်ကစားနိုင်မည်ဟု နည်းပြပိုချက်တီနို အတည်ပြု

မာဆေးအသင်းနဲ့ ကစားမယ့် ပြင်သစ်စူပါဖလားဗိုလ်လုပွဲမှာ တိုက်စစ်မှူး နေမာ ပြန်လည် ပါဝင်ကစားနိုင်မှာ ဖြစ်တယ်လို့ နည်းပြပိုချက်တီနိုက အတည်ပြု ပြောပါတယ်။  နေမာဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလယ်လောက်ကတည်းက ဒဏ်ရာကြောင့် အနားယူခဲ့ရတာ ဖြစ်ပါတယ်။  လက်ရှိအသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီး မာဆေးနဲ့ ဗိုလ်လုပွဲမှာ ပွဲထွက် ကစားစေမလားဆိုတာ မသိသေးပေမယ့် အရန်ခုံတန်းမှာတော့ ရှိနေမှာဖြစ်တယ်လို့ ပိုချက်တီနိုက ပြောပါတယ်။  ဒဏ်ရာအနည်းငယ်ရရှိခဲ့တဲ့ တိုက်စစ်မှူး အမ်ဘာပေဟာလည်း ရာနှုန်းပြည့် ကြံ့ခိုင်မှုရှိနေပြီး တိုက်စစ်ပိုင်းအတွက် ရွေးချယ်စရာ ကစားကွက်တွေ ပိုမိုများပြားသွားစေတယ်လို့ ပိုချက်တီနိုက ပြောပါတယ်။  စူပါဖလားဗိုလ်လုပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင်တော့ နည်းပြပိုချက်တီနိုအတွက် ပီအက်စ်ဂျီအသင်းရော သူ့အတွက်ပါ ပထမဆုံးဆုဖလား ဖြစ်လာစေမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up