ဂိုးသွင်းပြီးအောင်ပွဲခံချိန် ကိုဗစ်စည်းကမ်း လိုက်နာရန်ခက်ခဲဟု အာဆင်နယ်နည်းပြပြော

ဂိုးသွင်းပြီး အောင်ပွဲခံချိန်မှာ ခပ်ခွာခွာနေဖို့ ညွှန်ကြားထားပေမယ့် စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ ခက်ခဲတယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။  ယူကေမှာ တနိုင်ငံလုံးနီးပါးကို လော့ဒေါင်းချထားပြီး ဘောလုံးပွဲတွေကိုတော့ စည်းမျဉ်း ကန့်သတ်ချက်တွေနဲ့အညီ ဆက်ပြီး ကျင်းပနေပါတယ်။  ကစားသမားတွေအနေနဲ့ ကွင်းပြင်ပမှာ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်ပြီး ပွဲကစားနေစဉ်မှာလည်း မလိုလားအပ်တဲ့ အပြုအမူတွေမလုပ်ဖို့ ညွှန်ကြားထားတာပါ။ အထူးသဖြင့် ဂိုးသွင်းပြီး အောင်ပွဲခံတဲ့အချိန်တွေမှာ ခပ်ခွာခွာမနေဘဲ အတူတကွ အောင်ပွဲခံကြတာကို မလုပ်ကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။  အာဆင်နယ်အသင်းသားတွေဟာ နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ အချိန်ပို သွင်းဂိုးတွေ သွင်းယူအပြီးမှာ ညွှန်ကြားချက်တွေအတိုင်း မလိုက်နာခဲ့ဘဲ အသင်းသားတွေက အတူတကွ အောင်ပွဲခံခဲ့ကြတာပါ။  အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီးနောက် ခရစ္စတယ်ပဲလေ့၊ နယူးကာဆယ်အသင်းတွေနဲ့ ဆက်ပြီး ကစားသွားရမှာ ဖြစ်ပါတယ်။

More News
Up