ဂျိုးဘိုင်ဒင်၏ သမ္မတရာထူးလက်ခံပွဲ မတက်ဟု သမ္မတထရမ့်ပြော

ဂျိုးဘိုင်ဒင်ရဲ့  သမ္မတရာထူးလက်ခံပွဲ အခမ်းအနားကို တက်ရောက်မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၈ ရက်မှာ ကြေညာလိုက်ပါတယ်။   အာဏာကို ငြိမ်းငြိမ်းချမ်းချမ်းလွှဲပေးမယ်လို့ ကတိပေးပြီး နာရီပိုင်းအကြာမှာ သမ္မတ ထရမ့်က တွစ်တာကနေ ရေးသားလိုက်တာပါ။    သမ္မတ ထရမ့် မတက်ရောက်တာနဲ့ပတ်သက်လို့  ရွေးကောက်ခံသမ္မတ ဘိုင်ဒင်က "ထရမ့်မတက်ရောက်တာ ကောင်းပါတယ်" လို့ ဝယ်မင်တန်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။  ဘိုင်ဒင်က   "ဒုသမ္မတ မိုက်ပန့်စ် တက်ရောက်မှာကို ဂုဏ်ယူပါတယ်" လို့ ပြောဆိုကြောင်း USA Today သတင်းမှာ ဖော်ပြပါတယ်။  သမ္မတ ထရမ့်ဟာ နောက်တက်လာမယ့် သမ္မတရဲ့ ရာထူးလက်ခံပွဲ အခမ်းအနားကို မတက်ရောက်တဲ့ ပထမဆုံး သမ္မတတော့ မဟုတ်ပါဘူး။  ဂျွန်အက်ဒမ်၊ ဂျွန်ကွင်စီအက်ဒမ်နဲ့ အင်ဒရူးဂျွန်ဆင်တို့ဟာလည်း သူတို့နေရာဆက်ခံမယ့် သူတွေရဲ့  ရာထူးလက်ခံပွဲ အခမ်းအနားကို မတက်ရောက်ခဲ့ပါဘူး။  သမ္မတ ရာထူးက နုတ်ထွက်ခဲ့တဲ့ ရစ်ချက်နစ်ဆင်ဟာလည်း ဂျရယ်ဖို့ဒ်ရဲ့ ကျမ်းသစ္စာဆိုပွဲကို မသွားခဲ့ဘူးလို့ USA Today သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up